10 February 2010

သတင်း

စက်မှု (၁) ၀န်ကြီးဌာနအရာရှိများ တောင်သာဇာတိ မဟုတ်လျှင် ရာထူးမတက်

NEJ/ ၁၉ စက်တင်ဘာ ၂၀၀၈။      ။

နေပြည်တော် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းသည် ၀န်ကြီးရာထူးမှ ထွက်ပြီး နိုင်ငံရေးဘက် မပြောင်းခင်
မိမိဇာတိ တောင်သာနယ်မှ အရာရှိများကိုသာကွက်ပြီး လက်ထောက်မန်နေဂျာရာထူးမှ အထွေထွေမန်နေဂျာရာ
ထူးထိ မကြာခင်က ရာထူးတိုး ပေးသဖြင့် တောင်သာဇာတိ မဟုတ်သည့် ၀န်ထမ်းများ မကျေနပ်ဖြစ်နေသည်ဟု
နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။ …အပြည့်အစုံသို့

ဝင်းသူဇာအရောင်းဆိုင်များ အရှုံးပေါ် ပြင်ပအရောင်းကိုယ်စားလှယ်လက် အပ်တော့မည်

NEJ/ ၁၉ စက်တင်ဘာ ၂၀၀၈။       ။

စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ ၀င်းသူဇာအရောင်းဆိုင်တွေက အရောင်းထိုင်းပစ္စည်းများကို နာဂစ်မုန်
တိုင်းဒုက္ခသည်များအတွက် ထုတ်ရောင်းခွင့်ရသော်လည်း နိုင်ငံရေး ရည်မှန်းချက်ဖြင့် ဖွင့်ထားသည် ဆိုသည့်
တပြည်လုံးက ၀င်းသူဇာဆိုင်များတွင် ငွေသိန်းရာနှင့်ချီ ကွာနေသဖြင့် ပုဂ္ဂလိက ကိုယ်စားလှယ်လက်လွှဲရန် ပြင်
နေသည်ဟု မန်နေဂျာတဦးက ပြောသည်။ …အပြည့်အစုံသို့

ဧရာဝတီတိုင်းတွင် ကားလမ်းများပျက်စီး၊ ရေလမ်းသုံးသူများလာ

NEJ/ ၁၉ စက်တင်ဘာ ၂၀၀၈။       ။

ဧရာဝတီတိုင်းတွင် ကားလမ်းများပျက်စီးနေ၍ ရေလမ်းကိုအသုံးပြုနေကြရပြီး ရေလမ်းမှာလည်း ခရီးသည်နှင့်ရေ
ယာဉ်အစီးရေ မမျှသဖြင့် သွားလာရေး အဆင်မပြေဖြစ်ကြရသည်ဟု ဒေသခံများက ပြောသည်။ …အပြည့်အစုံသို့

ထိုင်းနိုင်ငံရေးအပေါ် တပ်ဆင် သြဇာရှိနေဆဲ အစိုးရသစ်ဝန်ကြီးစာရင်းကို တပ်ဆင်ထံပို့ပေးရ

Bangkok Post/ the Nations/ ၁၉ စက်တင်ဘာ ၂၀၀၈။        ။

ထိုင်းဝန်ကြီးချုပ်အသစ် ဆွန်ချိုင်း ဝေါင်ဆ၀တ်၏ ၀န်ကြီးအဖွဲ့လျာထားမှုစာရင်းအား ၀န်ကြီးချုပ်ဟောင်း တပ်ဆင်
စိစစ်နိုင်ရန် လန်ဒန်သို့ ပို့ထားတုန်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသည်။ …အပြည့်အစုံသို့

စက်မှု (၁) ဝန်ကြီးနှင့်နီးစပ်သည့် ကုမ္ပဏီ၊ စက်မှု (၁) ဝန်ကြီးဌာနမှ အတိုးမဲ့ချေးငွေ သိန်းနှစ်သောင်းကျော် ပြန်မဆပ်နိုင်

NEJ/ ၁၈ စက်တင်ဘာ ၂၀၀၈။         ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဝန်ကြီးဌာနများကို စာရင်းစစ်ခိုင်းနေစဉ်တွင် စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းနှင့်
နီးစပ်သည့် ရန်ကုန်မြို့မှ ပုဂ္ဂလိက ကုမ္ပဏီတခုကို စက်မှု (၁) ဝန်ကြီးဌာနက အတိုးမဲ့ချေးထားသည့်ကိစ ပြန်မ
ဆပ်နိုင်သဖြင့် ပြသနာတက်နေသည်ဟု နေပြည်တော်ဝန်ကြီးဌာန သတင်းရပ်ကွက်ကပြောသည်။ …အပြည့်အစုံသို့

ရန်ကုန်မြို့ နေရာပေါင်းများစွာတွင် လုံခြုံရေး စစ်ဆေး

NEJ/ ၁၈ စက်တင်ဘာ ၂၀၀၈။        ။

ယမန်နေ့မှစ၍ ရန်ကုန်မြို့ နေရာပေါင်းများစွာတွင် လုံခြုံရေးဂိတ်များချပြီး စစ်ဆေးရေးပြုလုပ်နေသည့်ပြင် ရန်ကုန်
မြို့အထင်ကရ လမ်းမကြီးများပေါ်တွင် လုံခြုံရေးအဖွဲ့များ လူအုပ်နှိမ်နင်းရေး လေ့ကျင့်မှုများ လုပ်နေသည်။ …အပြည့်အစုံသို့

  • ရန်ကုန်-ပြည် ကားလမ်းပျက်စီး
  • မြန်မာကို တင်ပို့သည့် တရုတ်ပြည်လုပ် စော်ခန်းနှင့် ရာစီလီ နို့မှုန့်၊ ကလေးတွေ သေစေနိုင်
  • မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မြန်မာလက်တွေ့မဆောင်ရွက်နိုင်ဟု အမေရိကန်ပြစ်တင်
အယ်ဒီတာ့အာဘော်

စီးပွားရေးမနိုင်ကြောင်း စစ်အစိုးရ ၀န်ခံချိန်တန်ပြီ

(၁၈ - ၈ -၀၈)။         ။

အက်ဖ်အီးစီ ငွေလဲနှုန်းစနစ်ကြောင့် နာဂစ်အတွက် ကူညီနေသည့် ကုလသမဂ္ဂ အဖွဲ့ကြီး ဒေါ်လာသန်း (၂၀) ကျော် အရှုံးပေါ်၏။ ထိုကိစ္စအတွက် စစ်အစိုးရ အရှက်ကွဲ၏။ သို့တိုင် စီးပွားရေးစနစ် စီမံခန့်ခွဲမှု မှားယွင်းနေကြောင်း ၀န်မခံ။ နောက်ဆုံး မြန်မာစစ်အစိုးရ၀န်ကြီး ဦးစိုးသာက အောက်လမ်းနည်းဖြင့် လုပ်ကိုင် နိုင်ပါသည်ဟု ဖြေရှင်းချက်ထုတ်ရသည့်အဖြစ် ရောက်၏။ …အပြည့်အစုံသို့

သတင်းသုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားမျှတမှု တိုက်ပွဲ

ပီတာအောင်/ ၁၉ စက်တင်ဘာ ၂၀၀၈။         ။

ရှစ်လေးလုံးအရေးတော်ပုံကြီး အနှစ် (၂၀) ပြည့်မြောက်သည့် သြဂုတ်လ၏ နေ့တနေ့၌ လူထုခေါင်းဆောင် ဒေါ်
အောင်ဆန်းစုကြည်၏ တိုက်ပွဲစတင်သည်။ တရားဥပဒေနှင့် မညီညွတ်ဘဲ စစ်အစိုးရက မတရားသဖြင့် ဖမ်းဆီး
ချုပ်နှောင်ထားမှုကို လက်တုံ့ပြန်သည့်အနေဖြင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝန်းထဲမှနေ၍ တရားမျှတမှုအ
တွက် တကိုယ်တော် တိုက်ပွဲတခုကို စတင်လိုက်သည်။ …အပြည့်အစုံသို့

အင်တာဗျူး

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဌာနချုပ်မှ တပ်မှူးများနှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆွေးနွေးခန်း

(၁၉-၉-၂၀၀၈)။        ။

ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံဘက်ခြမ်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်
အေ) တပ်မဟာ (၇) ဌာနချုပ်မှ တပ်မှူးအချို့နှင့် ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်တို့ မကြာခင်က တပ်
မဟာ (၇) ဌာနချုပ်မှာ ဒူးတိုက်ဆွေးနွေးခွင့်ရခဲ့သည်။ အဆိုပါ ဆွေးနွေးဝိုင်းတွင် ဘားအံခရိုင် ကေအန်ယူအတွင်း
ရေးမှူး ပဒိုအောင်မော်အေး၊ တပ်မဟာ (၇) တပ်မှူး ဗိုလ်ကြီးစောလင်းနှင့် တပ်မဟာ (၇) ရုံးထိုင်မှူး ဗိုလ်ကြီး အဲ
ဆေးဆေးတို့ ပါဝင်ဆွေးနွေးခဲ့သည်။ …အပြည့်အစုံသို့

More အင်တာဗျူး »
နိုင်ငံတကာရေးရာ သုံးသပ်ချက်

မလေးရှား အတိုက်အခံ နာလန်ထူပြီ

ကိုဝိုင်း (၃-၉-၂၀၀၈)။     ။

မလေးရှားပါလီမန်အတွင်းသို့ အတိုက်အခံခေါင်းဆောင်အန်ဝါ အီဘရာဟင် ပြန်လည် ရောက်ရှိလာခြင်းသည် လက်ရှိအစိုးရ ညွန့်ပေါင်းအဖွဲ့ Barisan Nasional ၏ နှစ်ပေါင်း (၅၀) ကျော်ကြာ တဖက်သတ် အုပ်ချုပ်ခဲ့သည့် သမိုင်းစာမျက်နှာကိုအပြောင်းအလဲများ ဖြစ်ပေါ်စေရန် လမ်းစပွင့်လာခြင်းဖြစ်ကြောင်း သတင်းများက အသားပေးဖော်ပြနေကြသည်။ …အပြည့်အစုံသို့

ဆောင်းပါး

“အော်…နေပြည်တော်လေဆိပ်တဲ့လား ”

စွာကျယ် (၁၉-၉-၀၈)။       ။

ကြပ်ပြေးနေပြည်တော်ရဲ့ဗဟိုချက်ပွိုင့်နေရာဖြစ်တဲ့ ရာဇဌာနီ၊ ဇေယျဌာနီ ကွန်ကရစ်လမ်းမကြီး နှစ်သွယ်
ဖြာထွက်တဲ့ သပြေကုန်းအဝိုင်းကနေ ရှစ်လမ်းသွား ကွန်ကရစ်လမ်းမကြီးအတိုင်း (၁၀) မိနစ်လောက် တောင်
ဘက်စူးစူးကို ကားနဲ့သွားရင် လက်ဝဲဘက်မှာ ဟိုတယ်ဇုန်ဆိုတာရှိတယ်။ ဟိုတယ်တွေလို့ဆိုပေမယ့် မြင့်မြင့်
မားမား၊ ခန့်ခန့်ညားညားပုံစံမျိုး ဟိုတယ်ကြီးတွေလိုမဟုတ်ဘူး။ မိုးအခါဖြစ်လို့ မြက်တော၊ ချုံတောတွေနဲ့ စိမ်း
စိုနေတဲ့ ကုန်းကမူလေးတွေပေါ်မှာ ဆောက်ထားတဲ့ များသောအားဖြင့် တထပ်အဆောက်အအုံ၊ အရွယ်အစား ခပ်သေးသေးတွေ။ …အပြည့်အစုံသို့

နောက်ဆုံးတိုက်ပွဲကို ဦးတည်မလား၊ အမှိုက်ပုံးထဲက ကြားစကား နားထောင်မလား

ရဲဘော်ဖိုးသံချောင်း (၁၁-၉-၀၈)။      ။

လောင်စာဆီဈေးတက်မှုကို ဆန္ဒပြမှုကြီးနဲ့ စက်တင်ဘာသံဃာ့ အရေးအခင်းကြီး တနှစ်ပြည့်မြောက်တော့မယ့် အချိန်မှာ နအဖကိုနိုင်ငံတကာအဝန်းအ ဝိုင်း မှာ နေရာပေးစေလိုတဲ့ အသံတွေ၊ နအဖ ဖော်ထုတ်တဲ့ အခင်း အကျင်းသစ်ကို လက်ခံခိုင်းသံတွေ ကြားလာရတာဟာ အံ့သြစရာ၊ ရင်နာစရာလည်း ကောင်း ပါတယ်။ …အပြည့်အစုံသို့

  • မူလစာမျက်နှာ
  • ဘာသာပြန်ဆောင်းပါး
  • သတင်း
  • အင်တာဗျူး
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • Pages

    • ခေတ်ပြိုင်အကြောင်း

RSS Feed

Download Font

  • မူလစာမျက်နှာ
  • အယ်ဒီတာ့အာဘော်
  • ဘာသာပြန်ဆောင်းပါး
  • ဆောင်းပါး
  • အင်တာဗျူး
  • သတင်း

Copyright © 2007 newerajournal